Android Games အသစ်များ

Android အတွက် ဂိမ်းပေါင်းများစွာ ရှိပြီး လတိုင်း ဂိမ်းအသစ်များစွာ အသစ် ထွက်ရှိနေပါတယ်။ အဲဒီ ဂိမ်းအသစ်များစွာထဲကနေ သင်နှစ်သက်တဲ့ ဂိမ်းကို ရှာဖွေရတာ မလွယ်ကူပါဘူး။ စာဖတ်သူများအဆင်ပြေစေဖို့အတွက် အဲဒီ ဂိမ်းများစွာကို လက်တွေ့ကစားပြီး အကောင်းဆုံး ဂိမ်းများကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
1.Rolling Snail 
2.RivalGears Racing 
3.Golf Clash 




                                  Rolling Snail 

Rlling Snail ဟာ ပုံဆွဲ ကစားရတဲ့ Puzzle Game တစ်ခုနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် လွယ်ကူတဲ့ ဂိမ်းတစ်ခုတော့ မဟုတ်ပါဘူး။ ဂိမ်းဇာတ်ကောင် ခရုဟာ ကြယ်ပွင့်များကို လိုက်လံ ကောက်ယူရတာ ဖြစ်ပါတယ်။ Level တစ်ခုစီမှာ Portal Box တစ်ခုကို ရရှိမှသာ အောင်မြင်မှာ ဖြစ်ပါတယ်။ ခရုသွားဖို့အတွက် လမ်းကြောင်းများကို စကရင်မှာ ရေးဆွဲပေးရမှာ ဖြစ်ပါတယ်။ ရေးဆွဲထားတဲ့ လမ်းကြောင်းများကိုလည်း ပြောင်းလဲ၍ ခရု သွားမယ့် လမ်းကြောင်းကို ပြင်ဆင်နိုင်ပါတယ်။ အစောပိုင်း အဆင့်များမှာတော့ ခက်ခက်ခဲခဲ စဉ်းစားရပြီး နောက်ပိုင်းမှာတော့ ကျွမ်းကျင်သွားမှာ ဖြစ်ပါတယ်။
PRICE Free (in-app purchases available)
SIZE Around 74 MB
ANDROID REQUIREMENT Android 4.1 and above

Apk Pure - DownloadGoogle Play - Download 


                             RivalGears Racing 

RivalGears ဟာ ပြိုင်ကားဂိမ်းဖြစ်ပြီး ၁၉၉၀ ခုနှစ်လောက်ဆီကို သင့်အား ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။ စကရင်မှာ ပြသထားတဲ့ မျှားများကို နှိပ်၍ လမ်းကြောင်းပြောင်း မောင်းနှင်နိုင်ပါတယ်။ ပြိုင်ကားကို အရှိန်မြှင့်ဖို့အတွက် Boost Button ပေါ်လာရင် နှိပ်နိုင်ပါတယ်။ ကားရဲ့ အစိတ်အပိုင်းများကို အဆင့်မြှင့်နိုင်ခြင်းနဲ့ Customization စွမ်းဆောင်ချက်များတော့ မပါပါဘူး။ ဒါပေမယ့် ဂိမ်း အဆင့်တိုင်း အဆင့်တိုင်းမှာ ပြောင်းလဲမှုများကို ထည့်သွင်းပေးထားပါတယ်။ League Events များ၊ One-Off Challenges များနဲ့ အခြား Game Mode များလည်း ပါရှိပါတယ်။ လောင်စာဆီများကို ဖြည့်တင်းဖို့အတွက် အချိန်စောင့်ဆိုင်းခြင်း၊ စိန်များဖြင့် လဲလှယ်ခြင်းများ ပြုလုပ်ရပါတယ်။ အခြား ကားများကို ၀ယ်ယူနိုင်ပေမယ့် Upgrade ပြုလုပ်လို့ မရပါဘူး။ Games Modes များစွာ ပါတဲ့အတွက် သင့်အတွက် ရင်ခုန် စိတ်လှုပ်ရှားစရာ အချိန်များစွာကို ရရှိမှာ ဖြစ်ပါတယ်။
PRICE Free (in-app purchases available)
SIZE Around 236 MB
ANDROID REQUIREMENT Android 4.0.3 and above

Play Store - Download 


                                   Golf Clash 

Golf Clash ကတော့ ဂေါက်သီးရိုက် ကစားနည်း ဖြစ်ပြီး ပျော်စရာ ကောင်းပါတယ်။ အခြား ဂေါက်သီးရိုက် ဂိမ်းများနဲ့ မတူတာက ဂိမ်းတစ်ပွဲမှာ ဂေါက်ကွင်းတစ်ခုသာ ပါရှိပြီး အခြား လူတစ်ယောက်နဲ့ ထိပ်တိုက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အနိုင်ရရှိရင် ပြိုင်ပွဲများ ၀င်ပြိုင်နိုင်မယ့် အကြွေစေ့များကို ရရှိမှာ ဖြစ်ပါတယ်။ ပထမဆုံး အဆင့်မှာ အကြွေစေ့ ၅၀ သာ ကုန်ကျမှာ ဖြစ်ပြီး နောက်ပိုင်းအဆင့်များမှာ အကြွေစေ့များ ပိုမိုလိုအပ်လာမှာ ဖြစ်ပါတယ်။ အောင်ပွဲ မရရင်တော့ အကြွေစေ့ ၅၀ ရရှိအောင် ကြော်ညာ ဗီဒီယိုကို ကြည့်ရမှာ ဖြစ်ပါတယ်။ Items အသစ်နဲ့ စွမ်းဆောင်ချက် အသစ်များကို နောက်ပိုင်းမှာ ရရှိမှာ ဖြစ်ပါတယ်။ Golf Clash ဟာ ကစားရတာ ရိုးရှင်းပြီး ပျော်စရာကောင်းပါတယ်။
PRICE Free (in-app purchases available)
SIZE Around 74.3 MB
ANDROID REQUIREMENT Android 4.4 and above

Apk Pure - Download
Play Store - Download 


အဆင်ပြေပါစေ။
Credit- Hein Zaw Oo

Popular posts from this blog

ဘောလုံးပွဲလောင်းတတ်တဲ့ဝါသနာရှင်များအတွက် နိုင်မယ့်ပွဲလေးတွေ ကြိုတင်ကြည့်လို့ရတဲ့ဆော့ဝဲလေး ပါ

Android အ တွက် လန်း ဆုံး Camera App များ