အသံကြားရုံနဲ့ ဘာသာပြန်ပေးမယ့် Application



ဒီ App အကြောင်း လာပြီး ပြောပြတုန်းက သိပ်ပြီး စိတ်ဝင်စားမှု ရှိခဲ့တာ မဟုတ်ဘူး
ရယ် ။ စမ်းကြည့်မယ်ပေါ့ ။ ဒီလောက်ပဲ တွေးလိုက်တာ ။
ဒေါင်းပြီး စမ်းကြည့်မှပဲ သာမန်ကာ လျှံကာ လုပ်ထားတဲ့ App မဟုတ်မှန်း သိလိုက်ရ
တယ် ။ အကောင်းဆုံးဖြစ်အောင် ကြိုးစားထားကြတဲ့ App တစ်ခုဆိုတာကို ကျေေ
ကျနပ်နပ်ကြီး လက်ခံလိုက်မိတယ် ။
ခရီးသွားရင်း လမ်းမှာ စမ်းတယ် ။ လောလောဆယ်မှာတော့ iOS နဲ့ပဲ စမ်းရသေးတ
ယ် ။ Andriod ပေါ်မှာတော့ ဘယ်လိုနေလဲ မသိရသေးဘူး ။ ပြန်ရောက်တော့မှ စ
မ်းဖို့ တေးမှတ်ထားတယ် ။
ခင်များလဲ စိတ်ဝင်စားတယ်ဆိုရင် စမ်းလို့ရတယ် ။ အဲ .. မဟုတ်သေးပါဘူး ။
ခင်များ စိတ်ကြိုက် သုံးလို့ရတယ်လို့ ပြောမှ မှန်မယ် ။
သူ့ကို အခကြေးငွေနဲ့ ရောင်းတာ မဟုတ်ဘူး ။



Free ပေးထားတာဖြစ်လို့ ခင်များကြိုက်သလို သုံးတာပဲဖြစ်ဖြစ် ၊ Share တာပဲဖြစ်ဖြ
စ် လုပ်လို့ရတယ် ။ သူက Translation App တစ်ခုတော့ ဟုတ်တယ် ။ ဒါပေမယ့်
သာမန် Translation App တော့ မဟုတ်ဘူး ။ ဘာ App လဲဆိုတော့ သူက Voice
Translations App တစ်ခု ဖြစ်နေလို့ပါပဲ ။ ဘာသာစကားမျိုးစုံကို အသံနဲ့ စာနဲ့ ဘာ
သာပြန်ပေးနိုင်စွမ်းရှိတဲ့ App ပဲ ဖြစ်ပါတယ် ။
ခင်များပြောလိုက်တဲ့ အသံကို မှတ်သားထားပြီး ဖုန်းစကရင်ပေါ်မှာ ခင်များရွေးချယ်
ထားတဲ့ Language အရ ဘာသာပြန်ပေးထားတဲ့ စာတန်း ပေါ်လာမှာပဲ ဖြစ်ပါတယ်
။ ဘာသာပြန်ပြရာမှာလည်း ခင်များပြောလိုက်တဲ့ အသံထွက်အတိုင်းကိုလည်း ဖော်ြ
ပပေးတယ် ။ ပြီးမှ ဘာသာပြန်ပေးထားတဲ့ စာတန်း ။ သူအောက်မှာက ခင်များအသံ
ထွက်ကို အနီးစပ်ဆုံး ဘာသာပြန်ပေးထားတဲ့ စာတန်းဆိုပြီး ( ၃ ) မျိုး ဖော်ပြပေးမှာပဲ
ဖြစ်ပါတယ် ။
အသံကြားရုံနဲ့ ဘာသာပြန်ပေးမယ် Application
Application
ဘာသာစကားအမျိုးပေါင်း ( ၃၀ ) နီးပါးကို ဘာသာပြန်ပေးနိုင်တဲ့ စွမ်းရည် ရှိပါတယ်
။ ဒါ့အပြင် အဆိုပါ Application မှာ “ report error” ပါဝင်သည့်အတွက်လည်း
သုံးစွဲသူများအနေဖြင့် ဘာသာပြန်ရာတွင်သော်လည်းကောင်း ၊ အသံဖမ်းရာတွင် အ
မှားများပါဝင်ခဲ့၍သော်လည်းကောင်း “ report error” အား အသုံးပြုပြီး အမှားများြ
ပင်ဆင်နိုင်ပါတယ် ။ ဒီလို ကူညီခြင်းအားဖြင့် အမှားများ နည်းသည်ထက် နည်းအော
င်ပြုပြင်နိုင်ပြီး အဆင့်မြှင့်တင်နိုင်မှာပဲ ဖြစ်ပါတယ် ။
ခင်များအနေနဲ့ အရေးပေါ် ဘာသာပြန်ဖို့ လိုအပ်လို့ပဲဖြစ်ဖြစ် ( ကုန်ကုန်ပြောမယ်
ဗျာ .. ) အပျင်းပြေ အသုံးပြုပြီး ကလိချင်လို့ပဲဖြစ်ဖြစ် ဒီ VoiceTra ဆိုတဲ့ App လေး
ကို ဒေါင်းပြီး အိတ်ဆောင် အဖော်မွန်လေးအဖြစ် ဆောင်ထားသင့်တယ်လို့ အကြံပြု
ပါရစေဗျာ ။
ဒီ VoiceTra App လေးဟာ iOS & Android ပေါ်မှာ Zawgyi Font ကို
Support လုပ်ပါတယ် ။ ဘာသာပြန် လွဲမှားနေတာအချို့ ရှိနေပေမယ့်လည်း ကြိုး
စားပြီး ပြင်ဆင်ပေးသွားမယ်လို့ သိရပါတယ် ။
ဒါကတော့ VoiceTra Application ရဲ့ မူရင်း Website Links
http://voicetra.nict.go.jp/en/

( ခင်များတို့ အသေးစိတ် သိချင်တာ ရှိရင် သွားပြီး မေးကြည့်နိုင်တယ်ဗျ ။ )
ဒီမှာ ခင်များတို့ ဒေါင်းရမယ့် Links :

VoiceTra by NICT ( For iOS )
Download Here

VoiceTra by NICT ( For  Android)
Download Here
Apple ရဲ့ App Store ပေါ်မှာ Translation Apps ပေါင်းများစွာ ရှိပါတယ် ။ ဒါပေ
မယ့် Zawgyi Font ကို Support လုပ်ပြီး ဘာသာစကား အမှားကို ပြင်ဆင်နိုင်ခွင့်
ရှိတဲ့ Report Errors Feature မျိုး ပါဝင်တဲ့ Applications ကတော့ မတွေ့ရသေ
လာက်ကို ရှားပါလိမ့်မယ် ။
ဒီတော့ ခင်များတို့ဗျာ ကြုံတုန်းကြုံခိုက်လေး ဒေါင်းပြီး စမ်းအသုံးပြုကြည့် မမှန်တာေ
တွ့ရင်လည်း Report များများထုပေးကြပါဦးလားဗျ ။ ဒါမှ ခင်များတို့ ၊ ကျနော်တို့အ

တွက် ပြည့်စုံ ကောင်းမွန်လှတဲ့ Translation App တစ်ခုကို ရရှိနိုင်မှာဗျ ။



အဆင်ပြေပါစေ။
Credit- Hein  Zaw Oo



Popular posts from this blog

ဘောလုံးပွဲလောင်းတတ်တဲ့ဝါသနာရှင်များအတွက် နိုင်မယ့်ပွဲလေးတွေ ကြိုတင်ကြည့်လို့ရတဲ့ဆော့ဝဲလေး ပါ

Android အ တွက် လန်း ဆုံး Camera App များ