iPhone User များသိစေချင် …..


အချို့ iOS User များနဲ့ ယခုမှ iPhone စကိုင်မည့် User များကိုပြောချင်ပါတယ်။ iPhone ကိုဈေးကြီးကြီးပေးမဝယ်ခင် မိမိဝယ်ယူမည့် iDevice နှင့်ပတ်သက်ပီး လေ့လာသိရှိပီးမှဝယ်တာကပိုအဆင်ပြေပါမယ်။
ယခုပြောချင်တာကတော့ iPhone X ရဲ့ နောက်ကျောဘက်မှာ တချို့က iPhone ဆိုတယ့် စာကြောင်းအောက်မှာ ‘ Designed by Apple in California ….’
ဆိုပီး စာကြောင်းလေးတွေ FC / CE လို့ပါကြပါတယ်။
တချို့ ဖုန်းတွေမှာတော့ iPhone လို့တာပါပီး ဘာစာကြောင်းမှမပါတော့ပါဘူး။

ဒါကို တချို့ User တွေက စိတ်ကတိကအောင့်ဖြစ်ကြပါတယ်။ စာကြောင်းပါတာ နဲ့ မပါတာဘာကွာလဲလို့မေးရင် ဘာမှမကွာပါဘူး။ ဖြန့်ချီတယ့်နိုင်ငံပဲကွာသွားပါတယ်။ အတွင်းပိုင်းပစ္စည်းတွေလဲအကုန်တူတူပါပဲ… ဒီနေရာမှာကျွန်တော်ပြောချင်တာက စာကြောင်းပါခြင်း မပါခြင်းက အဓိကမဟုတ်ပါဘူး။မိမိဝယ်ယူထားတယ့်ဖုန်းဟာ ဘယ်နိုင်ငံထုတ်လဲ အာမခံချက်ရှိမရှိ ဆိုတာကတာအရေးကြီးဆုံးပါ။
စာကြောင်းပါခြင်း မပါခြင်းက ဖြန့်ချီတယ့်နိုင်ငံပေါ်မှာပဲမူတည်ပါတယ်။
တချို့ရှိပါတေးတယ် နိုင်ငံအလိုက်ကို အားသွင်းခေါင်းပုံစံမတူတာတွေလဲရှိပါတေးတယ်။
ဒါကိုတချို့ User တွေက တစ်ခုခုဆိုတာနဲ့ ဆိုင်ကိုသွားပီး အသစ်တစ်လုံးပြန်လှဲခိုင်းကြပါတယ်။ပြောချင်တာက သူများယောင်တိုင်းလိုပ်မယောင်ပါနဲ့ ဆိုင်သမားများနဲ့ User များအနေဖြင့် iOS Device များနှင့်ပတ်သက်၍ တိကျတယ့် အဖြေကိုလိုချင်ပါက iOS Banker Myanmar ကိုတာဆက်သွယ်လိုက်ပါလို့ အကြံပေးချင်ပါတယ်။

Popular posts from this blog

ဘောလုံးပွဲလောင်းတတ်တဲ့ဝါသနာရှင်များအတွက် နိုင်မယ့်ပွဲလေးတွေ ကြိုတင်ကြည့်လို့ရတဲ့ဆော့ဝဲလေး ပါ

Android အ တွက် လန်း ဆုံး Camera App များ