Screen to body ratio အများဆုံးပါဝင်လာနိုင်ခြေရှိတဲ့ OPPO Find X

ပြီးခဲ့တဲ့ရက်က leak ဖြစ်လာတဲ့ ပုံရိပ်အရ OPPO Find X ရဲ့ Screen to body ratio ရာခိုင်နှုန်းဟာ ကျွန်တော်တို့တွေ့ဖူးသမျှ Bezel-less ဖုန်းတွေထဲမှာ အများဆုံးဖြစ်နေမယ်လို့ သိရှိရပြီဖြစ်ပါတယ်။ Screen to body ratio ဟာ ၉၄ ရာခိုင်နှုန်းနီးပါးအထိကိုပါဝင်ပါတယ်။ ဆိုတော့ လွန်ခဲ့တဲ့ အပတ်လောက်က On fire ဖြစ်နေတဲ့ဘေးဘောင်မဲ့ Screen to body ratio ၈၀ ရာခိုင်နှုန်းကျော်ပါဝင်တဲ့ Vivo NEX ကိုကျော်တက်သွားတဲ့ အနေအထားတစ်ခုလို့ပြောရမှာပါ။


ဖုန်းရဲ့ရှေ့မျက်နှာပြင်တစ်ခုလုံးကို Notch တောင်မပါဝင်တဲ့ Screen ချည်းနဲ့ပဲဖန်တီးထားတာကြောင့် Front Facing Camera ကဘယ်မှာလဲ ? Fingerprint sensor ကရောဘယ်မှာလဲ ? အစရှိတဲ့ မေးခွန်းတွေပေါ်ထွက်လာမှာအသေအချာပါပဲ။ OPPO အနေနဲ့ Find X အတွက် Specification ကို တရားဝင်ချပြထားခြင်းမရှိသေးကြောင့် အဲ့ဒီ Function တွေရဲ့တည်နေရာကို တိတိကျကျမပြောနိုင်သေးပါဘူး။ ဒါပေမယ့် Find X ဟာ Vivo NEX ကိုအခြေခံထားတဲ့ ပုံစံမျိုးဖြစ်တာကြောင့် NEX လိုပဲ Fingerprint sensor ဟာ ဖုန်း display ရဲ့အောက်မှာတွေ့ရနိုင်တယ်လို့ မျှော်လင့်ထားလို့ရမှာပါ။ ထိုနည်းတူ Front Facing Camera ကလည်း Vivo NEX လိုပဲ အသုံးပြုသူ Selfie ဆွဲမယ့်အချိန်မှ ဖုန်းထဲကထွက်လာမယ့် ပုံစံမျိုးလို့ ခန့်မှန်းထားနိုင်မှာဖြစ်ပါတယ်။ Front Facing Camera ဘယ်လိုလေးထွက်လာမလဲဆိုတာကိုတော့ အောက်က ဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။
OPPO Find X ကိုတော့ လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ စတင်မိတ်ဆက်သွားမယ်လို့သိရပါတယ်။ ကျွန်တော်တို့မျှော်မှန်းထားတာအပြင် Find X မှာဘယ်လို Function တွေထပ်မံပါဝင်လာဉီးမလဲဆိုတာကတော့ မကြာခင်သိရှိရတော့မှာပဲဖြစ်ပါတယ်။

Popular posts from this blog

August 9 လောက်မှာထွက်ရှိလာနိုင်တဲ့ Samsung Galaxy Note 9

Android အ တွက် လန်း ဆုံး Camera App များ

Hola Free VPN Proxy VARM7A_1.97.619 APK