OnePlus 6 vs Samsung Galaxy S9 Plus


OnePlus 6 ဟာ flagship ဈေးနှုန်းမပေးရဘဲ ၀ယ်နိုင်တဲ့ flagship တစ်လုံးပါပဲ၊ feature တွေပျောက်နေတယ်ဆိုပေမယ့်လည်း သူ့ဟာနဲ့သူတော့ အဖိုးတန်နေတုန်းပါပဲ။ Samsung Galaxy S9 Plus ဟာ လိုချင်နေတဲ့ feature တွေကို ပေးနိုင်ပါတယ်။ ဈေးကလည်း ရောင်ပြန်ထင်ဟပ်နေပါတယ်။ ဒီတော့ ကျွန်တော်တို့ဘယ်လိုလုပ်မလဲ။

နှိုင်းယှဉ်ကြည့်ကြတာပေါ့။
Design
OnePlus 6 vs Samsung Galaxy S9
OnePlus ကတော့ ဒီနှစ်မှာ ဖန်သားပြင်နဲ့လုပ်ဆောင်ထားတယ်ဆိုတော့ မတူနိုင်တော့ပါဘူး။ Samsung က ဒီလိုမျိုး အရင်နှစ်တွေတည်းကလုပ်ဆောင်လာတယ်ဆိုပေမယ့်လည်း ဒီနှစ်မှာတော့ trend ပြောင်းလိုက်ပါတယ်။ glass sandwich နဲ့ metal frame combo က ထူးခြားနေတာမဟုတ်ပေမယ့်လည်း အရည်အသွေးပိုင်းမှာတော့ ကွာခြားသွားစေပါတယ်။
ထောင့်လုံး၊ အကွေးပုံစံကတော့ အတူတူပါပဲ။ ခြားနားချက်လေးတွေကတော့ OnePlus 6 မှာ အနောက်လုံးပြီးတော့ S9 Plus က ပြားနေပါတယ်။ အရမ်းခြားနားတယ်လို့ မခံစားရပါဘူး။ ကိုင်ထားရချိန်မှာ OnePlus 6 ကနည်းနည်းလောက်ကျယ်ပြန့်တယ်လို့ခံစားရမှာပါ။
OnePlus 6 နဲ့ S9 Plus တို့ရဲ့ ဖန်သားပြင်ဒီဇိုင်းမှာတော့ လက်ဗွေတွေရှင်းနေအောင်လုပ်ဖို့ ခက်ပါတယ်။ S9 Plus ဖန်သားကတော့ လက်တွေ့ပိုဆန်ပါတယ်။ ကြိုးမဲ့အားသွင်းစနစ်ကိုထည့်သွင်းပေးထားပါတယ်။ OnePlus ကတော့ ဒီဇိုင်းပိုင်းသာ ပြောင်းလဲနိုင်သေးတာပါ။
Display
OnePlus 6 vs Samsung Galaxy S9 display
AMOLED ဆိုတာလေးကို သူတို့နှစ်ဦးလုံးက ပိုင်ဆိုင်ထားပါတယ်။ 6.2 inch ၊ vibrant color ၊ contrast မိုက်မိုက်၊ အနက်ပြောင်ပြောင်လေးတွေကို တွေ့မြင်ရမှာပါ။ အဓိကခြားနားချက်ကတော့ resolution ပါ။ S9 မှာ quad HD screen ဖြစ်ပြီးတော့ OnePlus 6 က 1080p panel ကို သုံးထားပါတယ်။ 1080p resolution ကလည်း သိပ်ညံ့နေတာမဟုတ်ပြန်ပါဘူး။ ကြည်လင်ပြတ်သားနေဆဲပါပဲ။ ခြားနားချက်ကိုတောင် သတိထားမိပါ့မလား။
သုံးစွဲသူတွေကတော့ OnePlus 6 display မှာ notch ပါလာတာကို မကြိုက်ကြပါဘူး။ ကျွန်တော်လည်း notch ကို မကြိုက်ပေမယ့် OnePlus 6 က ထင်သလောက်တော့ မဆိုးရှာပါဘူး။ မကြိုက်ရင်တော့ Galaxy S9 Plus ပဲပေါ့။
Performance
OnePlus 6 on top of Samsung Galaxy S9
Web သုံးမယ်၊ social media စစ်မယ်၊ multitasking ၊ အမိုက်စားဂိမ်းတေါဆော့မယ်ဆိုရင်တော့ ကြိုက်တဲ့ဖုန်းကိုင်လိုက်ပါ။ နှစ်လုံးစလုံးက အဆင်ပြေပါတယ်။
OnePlus 6 နဲ့ Galaxy S9 Plus တို့ဟာ Snapdragon 845 ကို အသုံးပြုထားပြီးတော့ 6/8GB RAM ကို OnePlus 6 မှာတွေ့မြင်ရမှာဖြစ်ပြီးတော့ 6GB RAM ကို S9 Plus မှာ တွေ့မြင်ရမှာပါ။ RAM အမြင့်တွေကို Qualcomm ရဲ့ စွမ်းဆောင်ရည်မြင့် processor နဲ့ပေါင်းလိုက်တော့ အမိုက်စားမြန်ဆန်မှုကို တွေ့မြင်ရမှာပါ။
Snapdragon 845 processor ကတော့ ဘတ်ထရီပိုင်းမှာ အားကောင်းပါတယ်။ သူ့ကို OnePlus 6 မှာ 3,300 mAh ၊ S9 Plus မှာ 3,500 mAh တို့နဲ့ တွဲဖက်အသုံးပြုထားပါတယ်။ screen-on time ၆နာရီလောက်အထိ ခံနိုင်ပြီးတော့ အသုံးကြမ်းသူတွေအတွက်လည်း အဆင်ပြေမယ့်ဖုန်းတွေဖြစ်ပါတယ်။
OnePlus 6 မှာ ကြိုးမဲ့အားသွင်းစနစ်မပါပေမယ့်လည်း OnePlus 6 က မိုက်နေဆဲပါ။ အားအမြန်သွင်းစနစ်တစ်ခုဖြစ်ပါတယ်။
Hardware
OnePlus 6 vs Samsung Galaxy S9 ports
Device နှစ်ခုလုံးမှုာ 3.5 mm headphone jacks, အနောက်ဘက် fingerprint readers နဲ့ face unlock တို့ကို အသုံးပြုထားကြပါတယ်။ fingerprint sensor နဲ့ face unlock တို့အပြင် iris scanning နည်းပညာကို S9 Plus မှာ တွေ့မြင်ရမှာပါ။ Galaxy S9 Plus မှာ official IP 68 certification တို့၊ SD ကဒ်စိုက်နိုင်ခြင်းတို့ကတော့ အသာစီးပါပဲ။ OnePlus 6 မှာ မမ်မိုရီချဲ့လို့မရခြင်းက အဓိကမဟုတ်ပေမယ့်လည်း IP certification ကတော့ လိုချင်မိပါတယ်။
Flagship စမတ်ဖုန်းအတော်များများက IP certification ထည့်သွင်းလာကြပါတယ်။ ဒါလေးက OnePlus 6 အတွက် အတားအဆီးတစ်ခုလို ဖြစ်နေပါတယ်။ OnePlus 6 ဟာ ရေစိုခံနိုင်တယ်ဆိုပေမယ့်လည်း စိတ်ကျေနပ်မှုကိုတော့ ပေးနိုင်မယ်မထင်ပါဘူး။
Camera
OnePlus 6 vs Samsung Galaxy S9 cameras
၂၀၁၈ trend လို့ပြောရမလား။ OnePlus 6 နဲ့ Samsung Galaxy S9 Plus တို့မှာအနောက်ကင်မရာနှစ်လုံးကို တွေ့မြင်ရမှာပါ။ OnePlus 6 က 16 နဲ့ 20-megapixel combo ၊ OIS ၊ အလင်းအားနည်းချိန်အတွက် ရိုက်ကူးနိုင်မှုတွေကို ထည့်သွင်းပေးထားပါတယ်။ Galaxy S9 Plus ကတော့ 12 megapixel sensor နှစ်ခုကို သုံးထားပါတယ်။ OIS ၊ pixel autofocus တွေကိုလည်း တွေ့မြင်ရမှာပါ။ secondary sensor ကတော့ 2X optical zoom နဲ့ portrait mode အတွက် telephoto lens ဖြစ်ပါတယ်။ OnePlus 6  မှာက  portrait mode နဲ့ 2X zoom feature ပါဝင်ပေမယ့်လည်း zoom က digital ဖြစ်နေပါတယ်။ Galaxy S9 Plus ကို အခြားကင်မရာနှစ်လုံးတွေထက် သာလွန်သွားစေတာက dual aperture ပါပဲ။ f/1.5 ကနေ  f/2.4 အထိ ပြောင်းလဲပေးနိုင်လို့ အလင်းအားနည်းချိန်နဲ့ bokeh အတွက် သိသာသွားပါတယ်။
ဓါတ်ပုံအရည်အသွေးပိုင်းမှာတော့ ကင်မရာနှစ်ခုလုံးက အဆင်ပြေပါတယ်။ OnePlus နဲ့ Samsung ယှဉ်နိုင်တာကို အံ့သြနေပါလိမ့်မယ်။ ကင်မရာပိုင်းမှာတော့ အသေးစိတ်ဆန်ခြင်း၊ ကာလာစုံခြင်းတွေကို တွေ့မြင်ခံစားရမှာပါ။ S9 Plus နဲ့ယှဉ်လိုက်ရင် OnePlus 6 ကင်မရာက oversaturate ဖြစ်ပြီးတော့ သာမန်မဟုတ်တဲ့အနီတွေကို ထုတ်လုပ်ပေးပါတယ်။ S9 Plus ကတော့ dynamic range မှာ ပိုကောင်းပြီးတော့ marginal မှာ အသာစီးရထားပါတယ်။
အလင်းအားနည်းချိန်မှာဆိုရင်တော့ S9 Plus က ရှင်းလင်းပြတ်သားတဲ့ပုံရိပ်တွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။ OnePlus 6 ကလည်း နောက်မှာပြတ်မကျန်ခဲ့ပါဘူး။ OnePlus 6 ကိုတော့ ပိုကြိုက်မိပါတယ်။
Software
Galaxy S9 Plus software version is different from OnePlus 6
ဒီအပိုင်းမှာတော့ အရမ်းမခြားနားတော့ပါဘူး။ Android Oreo ကို အသုံးပြုထားပေမယ့်လည်း OnePlus 6 က ကိုယ်ပိုင် OxygenOS ကို အသုံးပြုထားပါတယ်။ S9 Plus ကတော့ Samsung experience ကို သုံးစွဲထားတာပါ။ OnePlus က ရိုးရှင်းအောင်လုပ်ဆောင်ထားပေမယ့်လည်း customization တွေကို မလျှော့ထားပါဘူး။ UIလေးတွေကိုလည်း multiple gesture feature လေးတွေနဲ့ ကစားလို့ရအောင် ပြင်ဆင်ထားပါတယ်။
Samsung experience ကတော့ Android ကို အတော်လေးပြောင်းလဲထားပါတယ်။ ဒီဇိုင်းအရတော့ ကျေနပ်စရကောင်းပြီး သုံးရလွယ်နေပါတယ်။ edge UX software၊ Samsung Pay နဲ့ secure folder တွေကိုလည်း ထည့်သွင်းပေးထားပါတယ်။ OnePlus 6 ကတော့ stock ပုံစံဖြစ်ပြီးတော့ Samsung ကတော့ သူ့မူနဲ့သူပါ။
အနှစ်ချုပ်
ဈေးနှုန်းကတော့ ၀ယ်ယူတဲ့အခါမှာ စဉ်းစားစရာကြီးကြီးမားမားဖြစ်နေပါတယ်။ OnePlus 6 ကတော့ စဉ်းစားနေစရာမလိုပါဘူး။ သူ့မှာ နောက်ဆုံးပေါ် အချက်အလက်တွေ၊ ခေတ်မီတဲ့ဒီဇိုင်း၊ လှပတဲ့မျက်နှာပြင်၊ ကင်မရာနှစ်လုံးပါဝင်ပါတယ်။ ဒါပေမယ့်လည်း Galaxy S9 Plus လောက် feature မစုံလင်ပါဘူး။
S9 Plus ကတော့ ရေစိုခံတယ်၊ မမ်မိုရီချဲ့နိုင်တယ်။ ကြိုးမဲ့အားသွင်းစနစ်ပါဝင်ပါတယ်။ ဒါလေးတွေက သုံးစွဲသူတွေအတွက် အရေးပါတယ်လို့ ထင်စရာပါပဲ။ ဒီ feature တွေကြောင့် Samsung Galaxy S9 Plus ကို အနိုင်ပေးလိုက်ပါတယ်။ ဈေးကတော့ ပိုများပါတယ်။ ဒါပေမယ့် feature တွေလည်း စုံလင်တယ်။
ဒါကတော့ OnePlus 6 vs Samsung Galaxy S9 comparison လေးပါ။ သင့်ထင်မြင်ချက်ကိုလည်းပြောပြနိုင်ပါတယ်။
အဆင်ပြေပါစေ။
Credit- Hein Zaw Oo

Popular posts from this blog

ဘောလုံးပွဲလောင်းတတ်တဲ့ဝါသနာရှင်များအတွက် နိုင်မယ့်ပွဲလေးတွေ ကြိုတင်ကြည့်လို့ရတဲ့ဆော့ဝဲလေး ပါ

Android အ တွက် လန်း ဆုံး Camera App များ