သင့်ဖုန်းမှာ Storage ပြည့်သွားရင် ဒါတွေကို အရင်ရှင်း

သင့်ဖုန်းမှာ ဗီဒီယို၊ ဓါတ်ပုံများနဲ့ Apps များကို ထည့်သွင်းလာတာနဲ့အမျှ ဖုန်းရဲ့ Storage ဟာ ပြည့်သွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် သင့်ဖုန်းမှာ နေရာယူထားတဲ့ အရာများကို သေချာစွာ သိထားဖို့ လိုအပ်ပါတယ်။ iPhone မှာတော့ Settings> General > Usage ထဲသွားရင် သင့်ဖုန်းမှာ နေရာ အယူဆုံး Apps များကို အစဉ်လိုက် ပြသပေးထားမှာ ဖြစ်ပါတယ်။

Android Smartphone များမှာလည်း ဒီလို Usage Menu ရှိပါတယ်။ များသောအားဖြင့် Settings သို့မဟုတ် My Device App ထဲမှာ ကြည့်နိုင်ပါတယ်။ Apps များအပြင် သင့်ဖုန်းမှာ နေရာအများဆုံး ယူထားတဲ့ အခြားအရာများ ရှိပါတယ်။ အဲဒီအတွက် သင့်ဖုန်းမှာ Storage နေရာပြည့်သွားရင် အရင်ဆုံး ဖယ်ရှားရမယ့် အရာများကို ဖော်ပြလိုက်ပါတယ်။
၁။ ဓါတ်ပုံနဲ့ ဗီဒီယိုများ
ဗီဒီယိုဖိုင်များဟာ အရွယ်အစား ကြီးမားကြပါတယ်။ HD Video တစ်ကားရဲ့ တစ်မိနစ်စာဟာ 78MB လောက် ရှိပါတယ်။ ဗီဒီယိုများဟာ သင့်ဖုန်းမှာ အဓိက နေရာယူထားတဲ့ အရာများ ဖြစ်ပါတယ်။ အဲဒီအတွက် သင့်ဖုန်းမှာ နေရာလွတ် မရှိတော့ရင် ဗီဒီယိုများကို သင့် ကွန်ပြူတာ သို့မဟုတ် External Hard Drive များထံ ကူးပြောင်းသင့်ပါတယ်။
ခေတ်ပေါ် စမတ်ဖုန်းများဟာ အရည်အသွေးမြင့်မားတဲ့ ဓါတ်ပုံများကိုလည်း ရိုက်ကူးပေးနိုင်လာပါပြီ။ ဓါတ်ပုံများရဲ့ အရည်အသွေး မြင့်မားလာလေလေ ၊ ဖိုင် အရွယ်အစား ကြီးမားလာလေလေ ဖြစ်ပါတယ်။ အဲဒီအတွက် သင့်ဖုန်းမှာ နေရာလွတ် မရှိတော့ရင် ဓါတ်ပုံများကို Cloud များမှာ သိမ်းဆည်းခြင်း၊ ကွန်ပြူတာ သို့မဟုတ် External Hard Drive များထံ ကူးပြောင်းခြင်းများကို ပြုလုပ်သင့်ပါတယ်။
၂။ သီချင်းများ
MP3 တစ်ပုဒ်ဟာ 3MB လောက် နေရာယူပါတယ်။ သီချင်း အယ်လ်ဘမ် တစ်ခုဟာ 30MB ကျော် နေရာယူပါတယ်။ အဲဒီအတွက် သင့်ဖုန်းရဲ့ Storage ပြည့်သွားရင် သီချင်းများကို ဖုန်းကနေ အရင်ဆုံး ဖယ်ရှားသင့်ပါတယ်။ Spotify လို အွန်လိုင်း အခြေပြု သီချင်း ထုတ်လွှင့်ပေးတဲ့ ၀န်ဆောင်မှုများကိုလည်း အသုံးပြုနိုင်ပါတယ်။
၃။ App များ
App အများစုက နေရာ အရမ်း မယူကြပါဘူး။ ဒါပေမယ့် သင့်ဖုန်းမှာ App များစွာ ထည့်သွင်းထားရင်တော့ အသုံးမပြုတဲ့ App များကို ဖယ်ရှားသင့်ပါတယ်။ iPhone မှာ App ကို ဖိထားပြီး Uninstall လုပ်နိုင်ပါတယ်။ Android စမတ်ဖုန်းများမှာလည်း အဲဒီနည်းအတိုင်း ပြုလုပ်နိုင်ပါတယ်။ Android မှာ Widgets နဲ့ ဖိုဒါများကလည်း နေရာယူကြပါတယ်။ အဲဒီအတွက် Manage My Applications ထဲမှာ အဲဒါတွေကို ဖယ်ရှားနိုင်ပါတယ်။
၎။ Cache များကို ရှင်းလင်းပါ။
သင် ဖုန်းကို အသုံးပြုတဲ့ အချိန် ကြာလာတာနဲ့ အမျှ သတင်းအချက်အလက်များ ပိုမို ပြည့်လာမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ အမှိုက်ဖိုင်များလည်း ပါဝင်ပါတယ်။ Android မှာ Manage My Applications ထဲသွားပြီး App တစ်ခုချင်းစီရဲ့ Cache ခေါ် အမှိုက်ဖိုင်များကို ရှင်းလင်းနိုင်ပါတယ်။ App အားလုံးရဲ့ Cache များကို တစ်ပြိုင်နက် ရှင်းလင်းပေးတဲ့ Cleaner App များကိုလည်း သုံးနိုင်ပါတယ်။ iPhone မှာတော့ Usage ထဲမှာ ဖျက်နိုင်တဲ့ App Data များကို ပြသပေးထားပါတယ်။
၅။ အခြားအရာများ
သင့်ဖုန်းမှာ နေရာလွတ်များ ရနိုင်မယ့် အခြားနည်းလမ်းများလည်း ရှိပါသေးတယ်။ သင့် ဘရောက်စာရဲ့ History များ၊ မလိုအပ်တော့တဲ့ Contacts များ၊ ပြီးဆုံးသွားတဲ့ Reminder များ၊ မှတ်စု အဟောင်းများ၊ SMS နဲ့ Messages အဟောင်းများကို ရှင်းလင်းခြင်းက နေရာလွတ်များ ရစေပါတယ်။
အဆင်ပြေပါစေ။
Credit- Hein Zaw Oo

Popular posts from this blog

August 9 လောက်မှာထွက်ရှိလာနိုင်တဲ့ Samsung Galaxy Note 9

Android အ တွက် လန်း ဆုံး Camera App များ

Hola Free VPN Proxy VARM7A_1.97.619 APK